Select Page

ထိုင်းနိုင်ငံရှိလုပ်သားအဖွဲ့လိုက်ရှာဖွေငှားရမ်းခြင်းဝန်ဆောင်မှု

Asia HR,ဘန်ကောက်ရှိသင်၏ယုံကြည်စိတ်ချရသော စုဆောင်းမှုအေဂျင်စီ

Home » ထိုင်းနိုင်ငံအေဂျင်စီ:လုပ်သားအဖွဲ့လိုက်ရှာဖွေငှားရမ်းခြင်းဝန်ဆောင်မှု

လုပ်သားအဖွဲ့လိုက်ရှာဖွေငှားရမ်းခြင်းဝန်ဆောင်မှုကျွမ်းကျင်မှု

Asia HR Thailand Mass Recruitment Serviceသည်ဒေသတွင်းနှင့်နိုင်ငံတကာကုမ္ပဏီများအားဝန်ထမ်းအမြောက်အများကိုယာယီနှင့်အမြဲတမ်းရာထူးနေရာများရှာဖွေသောဝန်ဆောင်မှုအားပံပိုးပေးနိုင်သည်။

ပထမဦးစွာ“လုပ်သားအဖွဲ့အလိုက်အလုပ်သမားရှာဖွေခြင်းဝန်ဆောင်မှု”အယူအဆကိုနားလည်သဘောပေါက်ရန်မရှိမဖြစ်လိုအပ်ပါသည်။အမှန်မှာ၊ သိသာများပြားထင်ရှားသည့်အလုပ်သမားစုဆောင်းရေးလှုပ်ရှားမှုသည်သတ်မှတ်ထားသောအချိန်ကာလတစ်ခုအတွင်းတွင်အနည်းဆုံးလူ၁၀ဦးမှရာထောင်ချီသောအလုပ်သမားလိုအပ်မှုများအထိစတင်နေရာချထားမှုအမြောက်အများကိုငှားရမ်းခြင်းအလေ့အကျင့်ကိုဆိုလိုပါသည်။

ယေဘူယျအားဖြင့်သီးခြားကဏ္ဍများတွင်အထူးသဖြင့်Logistic၊ကျန်းမာရေး၊ဆောက်လုပ်ရေး၊အိုင်တီနှင့်ကုန်စည်ဖြန့်ဖြူးရေးအတွက်အလွန်များပြားသောလုပ်သားရှာဖွေစုဆောင်းရေးအစီအစဉ်များပါဝင်ပါသည်။

ကျွန်ုပ်တို့Asia HRသည်သင်၏ဝန်ထမ်းငှားရမ်းခြင်းလုပ်ငန်းအတွက်မလွဲမသွေအရှိန်မြှင့်တင်ရန်အကောင်းဆုံးသောစုဆောင်းမှုဆိုင်ရာဖြေရှင်းနည်းနှင့်နည်းစနစ်များကိုသင့်အားမြန်ဆန်စွာပံပိုးပေးနိုင်ပါသည်။စုဆောင်းမှုဆိုင်ရာဖြေရှင်းမှုနှင့်နည်းစနစ်တို့သည်သင်၏လုပ်ငန်း၏သဘောသဘာ၀နှင့်ထိုင်းအလုပ်သမားဈေးကွက်နှင့်ပါတ်သက်၍ သင်၏ငှားရမ်းမှုလိုအပ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်ရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့်Asia HR Thailandသည်ဝန်ထမ်းရှာဖွေငှားရမ်းခြင်းလုပ်ငန်း၏ယဉ်ကျေးမှုကိုသိရှိနားလည်ခြင်း၊အဆင့်မြင့်နည်းပညာကိရိယာများအသုံးပြုခြင်းနှင့်လူ့ကွန်ယက်တိုးချဲ့ခြင်းတို့ကိုပြုလုပ်ပြီးကောင်းစွာပြင်ဆင်ထားပြီးလုပ်သားအဖွဲ့လိုက်ငှားရမ်းခြင်းအစီအစဉ်နှင့်ပတ်သက်၍လုပ်ငန်းအတွေ့ကြုံများစွာရှိပါသည်။ထို့ကြောင့်ထိုင်းAsia HRသည်ထိုင်းနိုင်ငံတွင်းရှိပြည်တွင်းနှင့်နိုင်ငံတကာကုမ္ပဏီများ၏လုပ်သားအမြောက်အများလိုအပ်ချက်များကိုမြန်ဆန်စွာဖြည့်စည်းနိုင်သည်မှာသေချာသည်။

ဘာကြောင့်ASIA HRလုပ်သားအဖွဲ့လိုက် ရှာဖွေငှားရမ်းခြင်းဝန်ဆောင်မှုကိုရွေးချယ်ရသလဲ။

I. မည်သည့်အခြေအနေများတွင်Asia HR ကျွမ်းကျင်သူတစ် ဦးကိုခေါ်ယူသင့်သည်နည်း။

နမှုနာများစွာနှင့်ကွဲပြားမှုများစွာရှိပါသည်။ယင်းတို့မှာထုတ်လုပ်မှုလုပ်ငန်းအသစ်များ၊ များပြားသောကြိုတင်ခန့်မှန်းနိုင်သည့်အော်ဒါများလက်ခံရရှိခြင်း(ဥပမာခရစ်စမတ်သိ့ုမဟုတ် ကျောင်းမစခင်)၊ဈေးကွက်အသစ်များရရှိခြင်း တို့ဖြစ်နိုင်သည်။ အတိုချုပ်ပြောရလျှင်ကျွန်တော်တို့အေဂျင်စီမှယာယီနှင့် HRဖြေရှင်းချက်များကိုရည်ရွယ်သောလူအများအပြားရှာဖွေငှားရမ်းခြင်းကိုမည်သည့်အခြေအနေတွင်မဆိုဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်ပေးပါသည်။လုပ်သားအဖွဲ့လိုက်ရှာဖွေငှားရမ်းခြင်းအကျိုးကျေးဇူးများသိသာမှုရှိသည်။ကုမ္ပဏီများသည်အချိန်နှင့်ကုန်ကျစရိတ်သက်သာသည်(အချိန်သည်ပိုက်ဆံဖြစ်သည်)။ပုံမှန်အားဖြင့်ကုမ္ပဏီများသည်ခက်ခဲသောလွှတ်တင်ချိန်များ၌လုပ်သားအဖွဲ့လိုက်ရှာဖွေငှားရမ်းစုဆောင်းမှုတွင်ပါ၀င်မည်။ စုဆောင်းမှု၌သင်သုံးစွဲရသောအချိန်ပမာဏကိုလျှော့ချခြင်းအားဖြင့်၎င်းသည်ကုမ္ပဏီတစ်ခုသို့မဟုတ်စီမံကိန်းတစ်ခုစတင်ရန်အခြားရှုထောင့်များကိုအာရုံစိုက်နိုင်စွမ်းရှိသည်။

II. Asia HRသည်မည်သည့်အထောက်အပံ့ကိုနေ့စဉ်ပေးသနည်း။

Asia HR မှကျွမ်းကျင်အတိုင်ပင်ခံတို့သည် ၎င်းတို့၏အချိန်၁၀၀%အား အလုပ်တွင်ပေးထားခြင်းကြောင့်ပြည့်ဝသောပံပိုးမှုကိုကျွန်တော်တို့၏အေဂျင်စီမှရရှိမည်ဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့သည်ဖြစ်လာနိုင်သောမသေချာမှုများကို စီမံခန့်ခွဲပေးခြင်း၊ ကန်ထရိုက်စာချုပ်များကိုထိန်းသိမ်းပေးခြင်းနှင့် တရားဝင်မှုရှိစေရန် (အထူးသဖြင့် စောင့်ဆိုင်းရမည့်အချိန်များ၊ စီမံခန့်ခွဲမှုအမျိုးမျိုးတို့အား ကူညီစီမံခန့်ခွဲပေးပါသည်။

  • ကျွန်ုပ်တို့အနေဖြင့်ad hocလုပ်ဆောင်မှုများ(အလုပ်ခွင်၌မတော်တဆမှုများအားတားဆီးခြင်း၊ ပျက်ကွက်ခြင်း) ကိုပါဝင်ကူညီပေးပါသည်။
  • ကျွန်ုပ်တို့သည်ပထမဆုံးသောအလုပ်ခွင်သို့လာရောက်လည်ပတ်ခြင်းသို့မဟုတ်မန်နေဂျာများနှင့်တွေ့ဆုံခြင်းတို့ဖြင့်၀န်ထမ်းများ၏ကြိုတင်ပါဝင်ပေါင်းစည်းမှုကိုလုပ်ဆောင်ပေးပါသည်။
  • လုပ်ငန်းရှင်တို့မှအစည်းအဝေးပွဲများကိုတက်ရောက်စေလိုပါကပါဝင်တက်ရောက်ပါသည်။
  • ကျွန်ုပ်တို့သည်လုပ်သားအင်အား၏အခြေအနေကိုအကဲဖြတ်ရန်ပုံမှန်အချက်အလက်များ (အပတ်စဉ်၊ လစဉ်စသည်ဖြင့်)ကိုစီစဉ်ရေးသားမှုပြုပါသည်။
  • ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဖောက်သည်များအားဒီဂျစ်တယ်အသွင်ပြောင်းခြင်းနှင့်သတ်မှတ်ထားသောကာလစာချုပ်များ၊ အလုပ်လေ့လာမှုကန်ထရိုက်များနှင့်စာချုပ်ချုပ်ဆိုခြင်းများကိုသက်တမ်းတိုးချဲ့ရန်ကမ်းလှမ်းချက်များနှင့်အတူပြောင်းလွယ်ပြင်လွယ်ကောင်းမွန်မှုရှိစေရန်ကူညီသည်။
  • စဉ်ဆက်မပြတ်တိုးတက်မှုအတွက်ဦးစားပေးများကိုသတ်မှတ်ရန်ကျွန်ုပ်တို့၏လုပ်ငန်းရှင်များနှင့်ကျွန်ုပ်တို့အပြန်အလှန်ဆက်သွယ်သည်။

III. ယာယီအလုပ်သမားများနှင့်အေဂျင်စီအကြား ဆက်ဆံရေးသည်မည်သို့ရှိသနည်း။

ယာယီအလုပ်သမားများအနေဖြင့်သင်၏လျှောက်လွှာနှင့်သင်မည်သို့တိုးတက်အောင်လုပ်ရမည်ကိုအကြံပေးလိမ့်မည်။ စုဆောင်းရေးအေဂျင်စီသည်သင့်အားအောင်မြင်စေလိုသည်။ မည်သည့်မေးမြန်းမှုမျိုးကိုမဆိုသူတို့အမြဲတမ်းကူညီလိမ့်မည်။သင်၏ CVသို့မဟုတ်အင်တာဗျူးမေးခွန်းများနှင့်ပတ်သက်သည်ဖြစ်စေ၊ကျွန်တော်တို့အေဂျင်စီကသင့်အားကူညီလိမ့်မည်။ယာယီအလုပ်သမားများသည်ဤအယူအဆကိုသဘောပေါက်ကြပါသည်။ယင်းတို့သည်မေးခွန်းရှိပါကမေးမြန်းရန်၊ မှတ်ချက်ပေးရန်နှင့်သူတို့၏စာရွက်စာတမ်းများကိုစီမံရန်ကျွန်တော်တို့အေဂျင်စီနှင့်တိုက်ရိုက်မေးမြန်းနိုင်ပါသည်။ကျွန်တော်တို့၏ လုပ်ငန်းကျွမ်းကျင်မှုသည်လူတိုင်းအတွက်စစ်မှန်သောလုပ်ငန်းဆက်ဆံရေးကိုဖန်တီးနိုင်ပါသည်။

ကုမ္ပဏီများအဆိုအရယာယီအလုပ်သမားများသည်နေ့စဉ်အခြေခံတွင်ပိုမိုပါဝင်ပတ်သက်နေကြသည်။ ရလဒ်သည်ကား- လူတိုင်းသည်စွမ်းဆောင်ရည်ပြည့်ပြီးပျော်မွေ့စွာအလုပ်လုပ်ကြသည်။

သင်တို့ကိုဘယ်လိုကူညီပေးရမလဲ။